သေဆုံးမှုအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
လူကြီးမင်းရဲ့ အာမခံလျော်ကြေးတောင်းဆိုမှုကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား သေချာပြည့်စုံစွာ ဖြည့်စွက်ပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။ ထပ်မံရှင်းလင်းချက်များ လိုအပ်လာပါက အာမခံလျော်ကြေးတောင်းဆိုမှု ဆောင်ရွက်ဖို့ရန် ကျွန်ုပ်တို့ အချိန်ထပ်လိုနိုင်ပြီး ထိုကိစ္စရပ်အတွက် လူကြီးမင်းတို့အားလည်း အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
၁။ သေဆုံးမှုအတွက် အာမခံလျော်ကြေးတောင်းဆိုသူ၏ထွက်ဆိုချက်
၂။ တာဝန်ရှိဆရာဝန်၏ ထွက်ဆိုချက်
၃။ အသက်သေဆုံးကြောင်း တရားဝင်အထောက်အထား (သေစာရင်း)၏ မှန်ကန်သောမိတ္တူ
၄။ ရပ်ရွာ သို့မဟုတ် ခရိုင် အုပ်ချုပ်ရေးမှုးမှထုတ်ပေးသော အသက်သေဆုံးကြောင်း တရားဝင်အထောက်အထား (သေစာရင်း)
၅။ အာမခံလျော်ကြေးတောင်းဆိုမှုအတွက် အာမခံအကြံပေး၏အစီရင်ခံစာ
၆။ အသက်အာမခံထားရှိသူနှင့် အာမခံလျော်ကြေးတောင်းဆိုသူ၏ မှတ်ပုံတင်မိတ္တူ
၇။ ကွယ်လွန်သူနှင့် အာမခံလျော်ကြေးတောင်းဆိုသူ၏ ဆွေမျိုးတော်ဆက်ပုံကို သက်သေပြနိုင်ရန်အတွက်လိုအပ်သောအထောက်အထားမိတ္တူ
၈။ အာမခံလျော်ကြေးတောင်းဆိုသူ၏ ဘဏ်စာအုပ်ပထမစာမျက်နှာမိတ္တူ
၉။ ခွင့်ပြုအထောက်အထား ပုံစံ (Authorization Form)
၁၀။ ပေါ်လစီစာချုပ်
ခန့်မှန်းသတ်မှတ်ထားသော လုပ်ငန်းစဉ်ကာလကား အဘယ်နည်း။
မတော်တဆမှုကြောင့်သေဆုံးမှုအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
လုံးလုံးလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
မတော်တဆမှုကြောင့်လုံးလုံလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
ပြင်းထန်ရောဂါအကာအကွယ်အတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။