သင့်ကိုယ်သင်ကာကွယ်ထားခြင်းကသင့်မိသားစုအတွက်အကာအကွယ်ပေးခြင်းပါပဲ။ သေဆုံးခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်းတို့ကို ငွေကြေးအားဖြင့် အကာအကွယ်ပေးနိုင်ဖို့ အသက်အာမခံအစီအစဥ်တစ်ခုဖြစ်တဲ့ Manulife ရဲ့ဘ၀အာမခံနဲ့အတူ အခြေအနေအရပ်ရပ်တိုင်းမှာလုံခြုံမှုကို ရယူလိုက်ပါ။
သင့်ကလေးရဲ့ အနာဂတ်ကို ကာကွယ်မှုပေးထားခြင်းကအဖိုးတန်တယ်ဆိုတာကျွန်တော်တို့သိပါတယ်။ ဒါကြောင့် Manulife ပညာရေးအသက်အာမခံထားရှိပြီး ပညာရေးအသက်အာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်နဲ့အတူ အခုကတည်းက ကလေးတွေရဲ့ အိပ်မက်တွေအမှန်တကယ် ဖြစ်လာဖို့ ကူညီပေးလိုက်ပါတယ်။ သင့်ကလေးရဲ့ ပညာရေးက အကာအကွယ် ပေးဖို့ထိုက်တန်ပါတယ်။
သင့်ချေးငွေကိုအပြည့်အဝ မပေးချေနိုင်သေးခင်မှာ သင့်အနေဖြင့် အချိန်မသင့်ဘဲ သေဆုံးခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်းဖြစ်ပွားခဲ့လျှင် ပရီမီယံအနည်းငယ်သာပေးသွင်းပြီး ချေးငွေပေးဆပ်မှုပေါ်အပူအပင်ကင်းအောင် ကာကွယ်ပေးမည့် အာမခံအမျိုးအစားနှစ်ခုကို ကျွန်တော်တို့ စီစဉ်ထားပါတယ်။
အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ်ငွေကြေးအရ ဝန်ထုပ်ဝန်ပိုးမဖြစ်ရလေအောင် ကာကွယ်ထားလိုက်ပါ။ ပြင်းထန်ရောဂါတွေအတွက် ကျွန်တော်တို့ ငွေကြေးအထောက်အပံ့ပေးသွားမှာဖြစ်လို့ သင် အပူအပင်ကင်းစွာ ဆေးကုသမှုခံယူသွားနိုင်မှာပါ။
Manulife သောကကင်းဝေးအသက်အာမခံဆိုတာ သေဆုံးခြင်း၊ ထာဝစဥ်လုံးဝ မသန်စွမ်းခြင်းနဲ့ မတော်တဆမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ သင်နဲ့သင့်မိသားစုရဲ့ ငွေကြေး ဝန်ထုပ်ဝန်ပိုးတွေကို ကာကွယ်နိုင်မယ့် အသက်အာမခံအစီအစဥ်တစ်ခု ဖြစ်ပါတယ်။
ကျန်းမာတဲ့လူနေမှုဘဝပုံစံကို ထပ်ဆောင်းအပိုဆု ချီးမြှင့်မည့်အပြင် နာတာရှည်ရောဂါခံစားရခြင်းအတွက်ပါ အကာအကွယ်ရရှိနိုင်မည့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအသက်အာမခံ
၀န်ဆောင်မှုဌာနကိုဆက်သွယ်ပါ:
လိပ်စာ:
16/F, ကန်သာယာရုံးခန်းတာ၀ါ, ကန်ရိပ်သာနှင့်ဦးအောင်မြတ်လမ်းထောင့်, မင်္ဂလာတောင်ညွန့်မြို့နယ်, ရန်ကုန်, မြန်မာ။
ဝန်ဆောင်မှုဌာနသို့ဆက်သွယ်လိုလျှင် အများပြည်သူရုံးပိတ်ရက်များမှအပ
တနင်္လာနေ့ မှ သောကြာနေ့၊ မနက် ၈း၃၀ မှ ညနေ ၅း၃၀
အချိန်အတွင်းဆက်သွယ်နိုင်ပါသည်။
၀မ်းနည်းပါတယ်။ ကျွန်တော်တို့ပြန်လည်ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အချိန်ခေတ္တမျှစောင့်ဆိုင်းပြီးပြန်လည်ဆောင်ရွက်ပေးပါ။
သင်စိတ်ဝင်စားမယ့် လင့်ခ်တစ်ချို့ကိုလည်း ဝင်ကြည့်သွားပါအုံး
ကျွန်တော်တို့အကြောင်းကို လေ့လာရန်