အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ကျန်းမာတဲ့လူနေမှုဘဝပုံစံကို ထပ်ဆောင်းအပိုဆု ချီးမြှင့်မည့်အပြင် နာတာရှည်ရောဂါခံစားရခြင်းအတွက်ပါ အကာအကွယ်ရရှိနိုင်မည့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအသက်အာမခံ

Manulife ကျန်းမာသုခအသက်အာမခံ ဆိုတာဘာလဲ?

စိတ်အေးချမ်းသာမှုတွေ ပေးစွမ်းနိုင်ရုံသာမက အနာဂတ် ကျန်းမာရေးလိုအပ်ချက်တွေအတွက်ပါ စုဆောင်း ပြင်ဆင်ပြီးသား ဖြစ်နေစေမယ့် အသက် အာမခံပေါ်လစီ ကို ရှာဖွေနေပါသလား? ဒါဆိုရင် တော့ Manulife ကျန်းမာသုခအသက်အာမခံ ရှိနေ ပါပြီ။

Manulife ကျန်းမာသုခ အသက်အာမခံနဲ့သာဆိုရင် စုဆောင်းငွေအနေနဲ့နှစ်စေ့အကျိုးခံစားခွင့်ကို ထုတ် ယူခံစားနိုင်မှာဖြစ်ပြီး သေဆုံးခြင်း (သို့) ထာဝစဉ် လုံးဝ မသန်စွမ်းခြင်းစတဲ့ မမျှော်လင့်ထားတဲ့ ကံကြမ္မာ အလှည့်အပြောင်းမှာဆိုရင်တော့ သင်နဲ့ သင့်မိသားစု ဟာ ငွေကြေးအရအကာအကွယ်ရနေမှာ ဖြစ်ပါတယ်။ ဆေးရုံ တက်ရခြင်း၊ ICU (အထူးကြပ် မတ်ကုသဆောင်) တင်ရခြင်း (သို့) နာတာရှည်ရောဂါ မျိုးတွေ ကြုံလာရရင် ထိုအကျိုးခံစားခွင့်တွေရဲ့ တစ်စိတ် တစ်ပိုင်းကို ကြိုတင် ထုတ်ယူသုံးစွဲနိုင်ခွင့် လည်း ရှိနေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး အသိရှိ ခြင်း ဖြင့်လည်း မိမိရဲ့ စုငွေတွေကို တိုးပွားနိုင် စွမ်း ရှိနေမှာဖြစ်ပါတယ်။

Manulife ကျန်းမာသုခအသက်အာမခံ အကျိုးခံစားခွင့်များ 

သေဆုံးခြင်း (သို့) ထာဝစဉ်လုံးဝမသန်စွမ်းခြင်း  ဖြစ်ခဲ့သည်ရှိသော် မိမိ မိသားစုအတွက် အာမခံထား ငွေ၏ (၂၀၀%) အထိ ငွေကြေးအထောက်အပံ့ရှိနေ ခြင်းကြောင့် စိတ်အေးချမ်းသာမှုရရှိနိုင်ခြင်း

မမျှော်လင့်ထားသော အဖြစ်အပျက်များအတွက် ကြိုတင်ငွေစုထား နိုင်ခြင်းအပြင် အပိုဆုရယူပြီး စုဆောင်းငွေများ တိုးပွားလာနိုင်ခြင်း

အရေးပေါ်ဆေးရုံတင်ရခြင်း (သို့) နာတာရှည်ရောဂါခံစားရခြင်းတို့အတွက် ငွေကြေးအထောက်အကူဖြစ်စေရန် အကျိုးခံစားခွင့်တစ်စိတ်တစ်ပိုင်းကို ကြိုတင်ထုတ်ယူနိုင်သည့် အခွင့်အရေး

ကျန်း‌မာရေးအသိရှိပြီး ကျန်းမာစွာနေထိုင်ခြင်းဖြင့် အပိုဆုရယူပြီး စုဆောင်းငွေကို တိုးပွားလိုက်ပါ

Manulife ကျန်းမာသုခအသက်အာမခံ၏ အသေးစိတ်အချက်အလက်များ:

Manulife ကျန်းမာသုခအသက်အာမခံ | အသက်အာမခံ

 

 

 

 

 

 

 

FAQ

Manulife ကျန်းမာသုခအသက်အာမခံ ကို အသက် ၆ လ မှ အသက် ၆၅ နှစ်အတွင်းရှိသူများ (ထားမည့် ပေါ်လစီသက်တမ်းကိုနှုတ်၍) ဝယ်ယူနိုင်ပါသည်။

အာမခံကြေးငွေ အနည်းဆုံး ၁၀သိန်းကျပ် မှစ၍ ဝယ်ယူထားရှိနိုင်ပါသည်။

အာမခံစတင်ထားရှိချိန်တွင် အာမခံထားရှိသူ၏အသက် ၅နှစ်အောက်ဖြစ်ပါက အာမခံသက်တမ်း ၅နှစ် ထားရှိနိုင်ပါသည်။ အာမခံစတင်ထားရှိချိန်တွင် အာမခံထားရှိသူ၏အသက် ၅နှစ် သို့မဟုတ် ၅နှစ် နှင့်အထက် ဖြစ်ပါက အာမခံသက်တမ်း ၅နှစ် သို့မဟုတ် ၁၀နှစ် ကို ရွေးချယ်ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း ၅နှစ်အတွက် ပရီမီယံ ၂နှစ်‌ ပေးသွင်းရပါမည်။ အာမခံသက်တမ်း ၁၀နှစ်အတွက် ၂နှစ် သို့မဟုတ် ၄နှစ် ပရီမီယံသက်တမ်းကို ‌ရွေးချယ်ပေးသွင်းနိုင်ပါသည်။

ပေါ်လစီသက်တမ်းအတွင်း သေဆုံးမှုနှင့်ထာဝစဉ်မသန်စွမ်း ဖြစ်မှုအတွက် မြင့်မားတဲ့အကျိုးခံစားခွင့် အကာအကွယ် အပြင် မမျှော်လင့်တဲ့ကျန်းမာရေးအခြေအနေများ အတွက်လည်း ကြိုတင်ထုတ်ယူနိုင်သော ကျန်းမာရေးအကျိုး ခံစားခွင့်များကို ရယူနိုင်ပါသည်။ ထို့ပြင် အာမခံသက်တမ်းကုန်ဆုံးချိန်တွင်လဲ နှစ်စေ့အကျိုးခံစားခွင့် အပြင် ကျန်းမာရေးစစ်ဆေးခြင်းအတွက်အပိုဆုနှင့် လျော်ကြေးမဲ့အပိုဆုများကိုပါ ထပ်ဆောင်းခံစားခွင့် ရရှိနိုင်ပါသည်။

ယခု အာမခံအကြောင်းကို ပိုမိုသိရှိလိုပါက

အခြား အာမခံအမျိုးအစားများ

Protection

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှု နှင့် အကာအကွယ်ပေးမှု

Education

သင့်ကလေးအနာဂတ်အတွက် Manulife ရဲ့ ပညာ‌ရေး အသက်အာမခံအစီအစဥ်

Protection

သင့်ချေးငွေပေးဆပ်မှုကို အပူအပင်ကင်းအောင် ကာကွယ်ပေးမှာပါ။