အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

သို့

ချစ်ရတဲ့ သူငယ်ချင်း 

သို့

ချစ်ရတဲ့ သူငယ်ချင်း

                မင်းရော၊ မင်းတို့တစ်မိသားစုလုံး နေကောင်းကျန်းမာကြရဲ့လား။ ဟိုမှာရော အဆင်ပြေကြလား။ ငါတို့တစ်မိသားစုလုံး လည်း အခုတော့ အဆင်ပြေပါတယ်ကွာ။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ ငါတို့တစ်မိသားစုလုံး ကိုဗစ်ဖြစ်လိုက်သေးတယ်။ ရောဂါကနည်းနည်းပြင်းတော့ လူလည်း တော်တော်လေးခံလိုက်ရတယ်။ နောက်ပြီး ငါ့မိန်းမကလည်း အလုပ်နည်းနည်း အဆင်မပြေဖြစ်သွားတော့ ငွေကြေးလည်း နည်းနည်းကျပ်တည်းသွားသေးတယ်။ အစက မင်းကိုတောင် လှမ်းပြောဦးမလို့ဘဲ။ ဒါပေမဲ့ အားနာလို့ မပြောဖြစ်တာ။

                ‌ပြောရရင် မနှစ်က တစ်နှစ်လုံးက တော်တော်လေး အဆင်မပြေစရာတွေနဲ့ချည်းကြုံခဲ့ရတာပဲ သူငယ်ချင်းရေ။ ငါလည်း ဘာဆက်လုပ်ရမလဲ ဝေဝေဝါးဝါးနဲ့ တော်တော်လေး စိတ်ညစ်ခဲ့ရတယ်။ ဒီနှစ်အတွက် ဘာဆက်လုပ်ရင်ကောင်းမလဲ လို့လည်း ပိုပြီးတွေးဖြစ်လာတယ်။ အခုတော့ ငါစိတ်သက်သာရာရသွားပြီ။ အဲ့ဒီ့အကြောင်းလေး မင်းကို ပြောပြချင်လို့ကွာ။

                ငါ အသက်အာမခံဝယ်ဖြစ်လိုက်တယ်ကွ။ အစက အသက်အာမခံဆိုတာဘာမှန်းတောင် ငါမသိခဲ့ဘူး။ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်က သူအသက်အာမခံဝယ်ပြီးတဲ့အချိန်မှာ စိတ်အေးချမ်းသွားတယ်ဆိုပြီး ပြောပြတော့ ငါတော်တော်လေး အံ့သြသွားလို့။ အသက်အာမခံက စိတ်အေးချမ်းစေတာလားဆိုပြီးတော့ပေါ့ကွာ။ မင်းတို့ငါတို့တွေက သိပ်မတွေးဖြစ်ကြဘူး မလား။ အဲ့ဒါနဲ့ ငါ Manulife Myanmar က အသက်အာမခံကိုယ်စားလှယ်နဲ့ ဆွေးနွေးဖြစ်တယ်။ သူက ငါ့ဝင်ငွေရယ်၊ မိသားစုအတွက် ရည်မှန်းထားတာတွေ၊ ဘယ်နှစ်နှစ်မှာ ငွေဘယ်လောက်စုချင်တာ အဲ့လိုမျိုးတွေ သေချာလေး မေးဖြစ်ရင်းမှ ငါ မိသားစုကို အနာဂတ်မှာ ဘာလုပ်ပေးချင်တယ်၊ လုပ်ပေးချင်တာတွေကို ဘာအကြောင်းနဲ့မှ အပျက်အစီးမခံနိုင်ဘူး၊ အဲ့ဒီ အတွက် ငါမရှိတော့ရင်တောင် အသက်အာမခံက ငါ့ကိုယ်စား ငါ့မိသားစုကို စောင့်ရှောက်ပေးသွားမှာတဲ့။

                ငါ အရမ်းဝမ်းသာသွားရသလို စိတ်လည်း သက်သာရာရသွားသလိုပဲ။ မင်းရော ငါရောက မိသားစုအပေါ်သိပ်ပြီး တာဝန်ကျေချင်တဲ့ အိမ်ထောင်ဦးစီးတွေလေ။ မင်းလည်း ငါ့လိုပဲ မနှစ်က စိတ်ပင်ပန်းနေမယ်ဆိုတာသိလို့ ငါ လုပ်ဖြစ်ခဲ့တာ လေး မင်းကိုပြောပြချင်နေတာ။

                အခု နှစ်တစ်နှစ်တောင်ကူးသွားပြန်ပြီဆိုတော့ ဒီနှစ်အတွက်ရော၊ ရှေ့နှစ်တွေအတွက်ပါ ငါတို့တွေ ကြိုပြီး ပြင်ဆင် ထားဖို့ လိုပြီမလား။ အဲ့ဒါကြောင့် နောက်နှစ်သစ် တစ်နှစ်စရင် အသက်အာမခံထားဖို့ကို ဦးစားပေးစေချင်လို့ မင်းကို ငါစာရေး လိုက်တာ။ မင်းစိတ်ဝင်စားမယ်လို့ ငါယုံတယ်။ အသက်အာမခံအကြောင်းသေသေချာချာလေးသိချင်ရင် ဒီဖုန်းနံပါတ်ကို ဆက်လိုက်ကွာ။ 09765467100 တဲ့ အဲ့ဒါ Manulife Myanmar ရဲ့ Customer Service ဖုန်းပဲ သူငယ်ချင်း။ သူတို့အကျယ်တဝင့်ရှင်းပြပေးလိမ့်မယ်။ မင်းအားရင်လည်း ငါ့ကို စာပြန်ပါဦး။

                မင်းတို့တစ်မိသားစုလုံး ကျန်းမာချမ်းသာစေဖို့ အမြဲတမ်းဆုတောင်းပေးနေတဲ့...

                                                                                                                                                                                                                         မင်းရဲ့အခင်ဆုံး သူငယ်ချင်း

 

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Education

Manulife ပညာရေးအသက်အာမခံ အကျိုးခံစားခွင့် နှစ်ဆနဲ့အတူ ကလေးတွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးလိုက်ပါ။

 

 

 

  • ကျန်းမာကောင်းမွန်လာသည့် ငွေကြေးဆိုင်ရာလူနေမှုဘဝများ

    ကျွန်ုပ်တို့၏ လုပ်ငန်းများလည်ပတ်လျက်ရှိသော နိုင်ငံတိုင်းတွင် ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက် အဝန်းများ အားလုံးအတွက် ကျန်းမာသော လူနေမှုပုံစံများကို ရွေးချယ်နိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ပညာပေးခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

    ဆက်လက်ဖတ်ရှုရန်
  • ငွေစုတာထက် အာမခံဝယ်ထားတာက တကယ်ပဲပိုများတဲ့အခွင့်အရေးရတယ်ဆိုတာ ဟုတ်ရဲ့လား?

    ဘဏ်မှာငွေစုခြင်းကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်စုဆောင်း ငွေက ပမာဏတစ်ခုကို ရောက်လာနိုင်သော်ငြား စုဆောင်းနိုင်ခြင်းမရှိနိုင်တော့မဲ့ အချိန်တွေအတွက်ကိုတော့ အသက်အာမခံက သာ သင့်ကိုရော၊ သင်ချစ်ရသူတွေကိုပါ အကာအကွယ်ပေးသွားမှာပါ။ 

    ဆက်လက်ဖတ်ရှုရန်
  • အာမခံလျော်ကြေးငွေတောင်းဆိုမှုကို အချိန်မကြန့်ကြာစေချင်ရင် ဘာတွေလုပ်သင့်သလဲ

    အာမခံလျော်ကြေးငွေတောင်းဆိုမှုကို အချိန်မကြန့်ကြာစေချင်ရင် ဘာတွေလုပ်သင့်သလဲ 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက