ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 ကို ခုခံကာကွယ်နိုင်ဖို့နဲ့ အနေအထားတစ်ခုအထိ အမြစ်ဖြတ်နိုင်ဖို့ ကမ္ဘာ နဲ့အဝန်းမှာ ကာကွယ်ဆေးထိုးနှံပေးဖို့တွေကို အချိန်နဲ့အမျှ မြှင့်တင်ပြင်ဆင်လာနေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း ကာကွယ်ဆေးကို လူတိုင်းနီးပါး ထိုးနိုင်ဖို့ လုပ်ဆောင်လာနေကြချိန်လည်းဖြစ်လို့ COVID-19 ကာကွယ်ဆေးထိုးဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေရှိသလို ထိုးပြီးချိန်မှာလည်း ဘာတွေလုပ်ဆောင်သင့်တယ်၊ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ ကို ကျန်းမာရေးအသိပညာတွေကို နယ်ပယ်အနှံ့က ဖြန့်ချီပေးနေကြပါတယ်။
ကာကွယ်ဆေးမထိုးခင် လုပ်ဆောင်ရန်အချက်များ
၁။ ကိုယ်ရေးရာဇဝင်အချက်အလက်စာရွက်စာတမ်းများ သေချာစွာပြင်ဆင်ပါ။
မှတ်ပုံတင်၊ အိမ်ထောင်စုဇယားကဲ့သို့ ကိုယ်ရေးရာဇဝင်အချက်အလက်စာရွက်စာတမ်းတွေအပြင် တစ်ကိုယ်ရည် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ဆေးဝါးဓါတ်မတည့်တာ ရှိ/မရှိ စတဲ့အချက်အလက်တွေကို ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ်။ COVID ကာကွယ်ဆေးမထိုးမီ လတ်တလောမှာ တခြားသော ကာကွယ်ဆေးတွေ ထိုးထားတာမျိုးရှိခဲ့ရင်လည်း ထိုးသင့်/မသင့်ကို ဆရာဝန်တစ်ဦးဦးနဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။
၂။ ရောဂါပိုးကူးစက်မှုမခံရအောင် ကာကွယ်ခြင်းကို အထူးဂရုစိုက်ပါ။
ကာကွယ်ဆေးသွားရောက်ထိုးနှံမယ့်နေ့မှာလည်း mask နှစ်ထပ်တပ်ခြင်း၊ face shield တပ်ခြင်းနဲ့ လက်ဆေးနိုင်ဖို့အတွက် ရေမလို လက်သန့်စင်ဆေးရည်တို့ကို တစ်ပါတည်း ယူဆောင်သွားပါ။
၃။ လက်ရှိကျန်းမာရေးအခြေအနေ
အောက်ပါအချက်အလက်များနှင့်ပတ်သတ်၍ မိမိကျန်းမာရေးအခြေအနေကို ထိမ်ချန်မထားရန်၊
• ရောဂါကုသမှု ခံယူနေရခြင်းအခြေအနေ ၊
• လက်ရှိသောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်မှုမှတ်တမ်း၊
• COVID-19 လတ်တလောကူးစက်ခံရခြင်းရှိ/မရှိ ၊
• နှစ်ပတ်အတွင်း အခြားရောဂါ ကာကွယ်ဆေးထိုးနှံမှု ရှိ/မရှိ စတာတွေအပြင်
• ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်များအနေနဲ့ မိမိတို့အခြေအနေကို ထိမ်ချန်မှုမရှိဘဲ အချက်အလက်ဖြည့်သွင်းပါ။
• ကိုယ့်ကိုကိုယ် သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများနဲ့ ကာကွယ်ဆေး ထိုး သင့်/မသင့်ကို တိုင်ပင်ပါ။
၄။ အိပ်ရေးဝဝအိပ်ပါ။
ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် ကာကွယ်ဆေးမထိုးခင် အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။
ကာကွယ်ဆေးထိုးပြီးချိန် သတိပြုရန်အချက်များ
၁။ ရေဓာတ်ပြန်လည်ဖြည့်တင်းပါ။
ကာကွယ်ဆေးထိုးပြီးချိန်မှာ အချို့က ယာယီဖျားနာခြင်းလက္ခဏာပေါ်တက်ပြီး ရေငတ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့်မို့ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ အဓိကအရေးကြီးတာကြောင့် ရေများများသောက်ဖို့ နဲ့ ဗီတာမင်ပြည့်ဝပြီးအရည်ရွှမ်းတဲ့အသီးတွေ များများစားပေးသင့်ပါတယ်။
၂။ ကျန်းမာရေးဝန်ထမ်းများရဲ့ လမ်းညွှန်ချက်များကို လိုက်နာပါ။
ကာကွယ်ဆေးထိုးထိုးပြီးချင်းမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုအတိုင်း မိနစ်သုံးဆယ်လောက် ခဏတာ နားနေပြီး အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
၃။ မပြန်ခင် စာရွက်စာတမ်းများကို စစ်ဆေးပါ
မိမိနဲ့အတူ တပါတည်းယူဆောင်လာတဲ့ စာရွက်စာတမ်းတွေ မေ့မကျန်ခဲ့ဖို့ ဂရုစိုက်သင့်သလို ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်း စာရွက်ကိုလည်း တောင်းယူခဲ့ဖို့ မမေ့ပါနဲ့။
၄။ COVID-19 ကာကွယ်ဆေးထိုးပြီးချိန် ပြသတတ်သောလက္ခဏာများကို ဂရုပြုပါ။
COVID-19 ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ ဆေးထိုးထားတဲ့လက်မောင်းမှာ နာကျင်တာ၊ အဖျားငွေ့ငွေ့ရှိလာတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့အဆစ်အမြစ်တွေနာလာတာ၊ ယားယံတာနဲ့ နုန်းချိတာ စတာတွေ ဖြစ်လာ တတ်တာမို့ သတိထားပြီး စောင့်ကြည့်သင့်ပါတယ်။
၅။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲစေတတ်တဲ့အရာတွေကို ရှောင်ကြည်ပါ။
အရက်၊ ဘီယာ၊ မူးယစ်ဆေး၊ ကော်ဖီ၊ လက်ဘက်ရည်၊ အားဖြည့်အချိုရည်စတဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွစေတာမျိုး၊ ပြောင်းလဲစေတတ်တာမျိုးတွေကို COVID-19 ကာကွယ်ဆေးထိုးပြီးတဲ့ တစ်ပတ်အတွင်းမှာ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ပါရမီရှင်များကိုချီးကျူးဂုဏ်ပြုခြင်းနှင့် မတူကွဲပြားမှုများအပေါ် အားပေးလက်ခံခြင်း
ပြောင်းလဲတိုးတက်လာသည့် Manulife ၏ အောင်မြင်မှုအတွက် အခြေခံကျသည့်အချက်မှာ ခေတ်အလိုက်ပြောင်းလဲလာသည့်ယဥ်ကျေးမှုဓလေ့များကို အားပေးမြှင့်တင်ခြင်းဖြစ်ပြီး ယင်းတို့တွင် ဝန်ထမ်းများအကြား စေ့စပ်ညှိနှိုင်းခြင်း၊ အရည်အချင်းနှင့်အလားအလာရှိသူများကို ကမ်းလှမ်း၍ ကျွန်ုပ်တို့နှင့်အတူ အတူတကွလုပ်ဆောင်စေခြင်းတို့ ပါဝင်သည်။
လူမှုအသိုက်အ၀န်းအတွက် ပြန်လည်စောင့်ရှောက်ခြင်း
Manulife အနေဖြင့် အာရှဒေသတွင်းရှိ ဒေသခံအသိုက်အဝန်းများနှင့်အတူ လက်တွဲကာ ဒေသတွင်း ပြည်သူများ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုဘဝများတိုးတက်မြင့်မားစေရေးအတွက် အတူတကွပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။
ကျန်းမာသန်စွမ်းသော ဘဝများဆီသို့
ကျွန်ုပ်တို့၏ လုပ်ငန်းများလည်ပတ်လျက်ရှိသော နိုင်ငံတိုင်းတွင် ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက် အဝန်းများ အားလုံးအတွက် ကျန်းမာသော လူနေမှုပုံစံများကို ရွေးချယ်နိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ပညာပေးခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။