အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ယူပါ။ စိတ်နဲ့ခန္ဓာ အားဖြည့်ပါ။

Reward Yourself with 'Me' Time: Nurturing Your Mind and Soul

စိတ်ဖိစီးမှုတွေက မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေလိုပါပဲ။ ဘဝထဲမှာ နေနေရင်းနဲ့ကို မရရတဲ့ အပေါက်က တိုးပြီး ဝင်လာတတ်တာမျိုး မဟုတ်လား။ အလုပ်တွေ၊ မိသားစုတွေနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကြားမှာ ပိတ်မိနေကြတဲ့အခါ မလွှဲမရှောင်သာ စိတ်ညစ်စရာတွေ ကြုံလာရင်း စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်ကြတာပါပဲ။ ဒီလိုမျိုး ဘဝက စိတ်အနှောင့်အယှက်ဖြစ်စရာ အခိုက်အတန့်တွေ ဖန်တီးပေးလာတဲ့အခါ သုံးလို့ရတဲ့ ဖြေဆေးလေးကတော့ “Me-time” လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပေးခြင်းပါပဲ။​

စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်ညူးမှုတွေကနေ လွတ်သွားအောင်၊ သက်သာရာရအောင် လုပ်တာက ပြစ်မှုတစ်ခု မဟုတ်သလို တစ်ကိုယ်ကောင်းဆန်ခြင်းလည်း မဟုတ်ပါဘူး။ ဒါက တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းပါပဲ။ စိတ်ရောလူပါ ကျန်းမာနေဖို့အတွက် စိတ်ညစ်စရာတွေ၊ တာဝန်တွေ၊ ဝတ္တရားတွေကို ခဏဘေးဖယ်ထားပြီး ရိုးရိုးရှင်းရှင်း ဘဝရဲ့ အရသာကို ခံစားနိုင်မယ့် ဒီအချိန်လေးကတော့ လူတိုင်းအတွက် လိုအပ်ပါတယ်။

အနားမရတဲ့ ဘဝတွေကနေ ခေတ္တခဏလေး အနားယူခြင်းက ဇိမ်ခံနိုင်တဲ့သူတွေပဲ ရနိုင်တာ မဟုတ်ပါဘူး။ ဒါက လူတိုင်းအတွက် လိုအပ်တာပါ။ ကိုယ့်ကိုယ်ကိုယ် အားပြန်ဖြည့်ဖို့၊ ပြန်လည် နုပျိုစေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေနိုင်ဖို့ အခွင့်အရေးတစ်ခုပါ။ ကိုယ့်အကြိုက်ဆုံး ဝါသနာပါရာ တစ်ခုခုကို လုပ်နေတာပဲ ဖြစ်ဖြစ်၊ စာအုပ်ကောင်းကောင်းတစ်အုပ် ဖတ်လိုက်တာပဲ ဖြစ်ဖြစ်၊ လမ်းနည်းနည်း လျှောက်လိုက်တာပဲ ဖြစ်ဖြစ်၊ ဆိတ်ငြိမ်အေးချမ်းမှုကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး ခံစားလိုက်တာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အတွက် ယူထားတဲ့ “me-time” လေးကတော့ ကိုယ့်ရဲ့ စိတ်နဲ့ ခံစားချက်ဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခိုက်အတန့်လေးပါပဲ။

အလုပ်တွေ၊ တာဝန်တွေ များလှတဲ့ ဘဝထဲမှာ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ့်အတွက်ကိုယ် အချိန်ယူဖို့ဆိုရင်လည်း ဖြစ်ပါ့မလားဆိုတဲ့ အပြစ်မကင်းတဲ့ စိတ်တွေ ဖြစ်တတ်ကြသလို အမြဲတမ်း အလုပ်တစ်ခုခု လုပ်နေမှ လုပ်ငန်းတွင်ကျယ်မှာလို့ တွေးနေတတ်ကြတာကပဲ စိတ်ဖိစီးမှုတွေ၊ လှောင်ပိတ်မွန်းကြပ်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေ ပျောက်ဆုံးစေတာပါပဲ။

ဒါဆို အပြစ်မကင်းစိတ်တွေ မရှိစေဘဲ Me Time လေးကို ဘယ်လို ယူကြမလဲ။ အရင်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ချစ်တာ ဆိုတဲ့ စိတ်လေးနဲ့ အစပျိုးရမှာပါပဲ။ နေကောင်းကျန်းမာအောင်နေမှသာ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အားရှိမှာ၊ ကိုယ့် ဘေးပတ်ဝန်းကျင်က ကိုယ်ချစ်ရတဲ့သူတွေကို ဂရုစိုက်နိုင်မှာ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ဦးစားပေးမယ်ဆိုရင် စိတ်နဲ့ ခံစားချက်တွေ ကောင်းမွန်လာစေနိုင်မှာ ဖြစ်သလို ကိုယ်ချစ်ရတဲ့သူတွေအတွက်လည်း နမူနာကောင်းတစ်ခု ဖြစ်စေမှာပါ။

ရှုပ်ထွေးပြီး လိုအပ်ချက်တွေ များလှတဲ့ ဘဝကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့၊ ပြန်လည် ကုသနိုင်ဖို့၊ စိတ်ပျိုကိုယ်နုစေမယ့် လျှို့ဝှက်ချက်လေးကို ရှာတွေ့စေဖို့ သော့ချက်လေးက “Me-time” ပါပဲ။ ငြိမ်းချမ်းပျော်ရွှင်ပြီး အဆင်ပြေတဲ့ အခိုက်အတန့်လေးတွေဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် ဒီ တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတွေကို တွန့်ဆုတ်နှောင့်နှေးမနေဘဲ၊ အပြစ်ရှိတယ်လို့ ခံစားမနေဘဲ ကိုယ်တိုင်ရှာဖွေလိုက်ကြရအောင်။ “Me-time” ဆိုတာဟာ ဇိမ်ခံပစ္စည်းတစ်ခုမဟုတ်ဘဲ ပိုပျော်ရွှင်ကျန်းမာတဲ့ ဘဝရဲ့ လျှို့ဝှက်ချက်ဆိုတာလေးကို အမြဲ သတိရပေးနော်။

If you liked this article, you may find these interesting

Protection

A life insurance plan designed to financially protect you and your family.

 

Protection

Two low-premium insurance plans designed to provide you loan protection and peace of mind.

Want to know more about Life Insurance?

 

 

 

 

 

 

 

အားလုံးကြည့်ရှုရန်