အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

အနာဂတ်မြေကမ္ဘာအတွက် ပျိုးပင် (၁၀၀၀) စိုက်ပျိုးခဲ့တဲ့ Manulife Myanmar 

အနာဂတ်မြေကမ္ဘာအတွက် ပျိုးပင် (၁၀၀၀) စိုက်ပျိုးခဲ့တဲ့ Manulife Myanmar

‌ဖောက်သည်တွေနဲ့အတူ လက်တွဲပြီး နေထိုင်ရာကမ္ဘာမြေကို အနာဂတ်မှာပိုမိုစိမ်းလန်းစေဖို့ Manulife Myanmar က ပဲခူးမြို့က “ပန်းပျိုးလက်ပရဟိတကျောင်း”မှာ ပျိုးပင်ပေါင်းတစ်ထောင်ကို ပြီးခဲ့တဲ့ဇွန်လတုန်းက အတူတကွ စိုက်ပျိုးခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံကမိသားစုတွေရဲ့ အနာဂတ်ဘဝတွေအတွက် လုံခြုံစိတ်ချရစေဖို့ ကူညီဆောင်ရွက်ပေးနေတာဖြစ်သလို ကမ္ဘာမြေကိုလည်း ပိုပြီးစိမ်းလန်းသာယာစေဖို့နဲ့ မနက်ဖြန်တိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုအသိုက်အဝန်းတွေ ရရှိလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။

Manulife Protector ပေါ်လစီတစ်စောင်ရောင်းရတိုင်း သစ်ပင်တစ်ပင်စိုက်ပျိုးပေးမဲ့ “တို့ကမ္ဘာဖို့ တို့စိုက်ပျိုး” ဆိုတဲ့ကမ်ပိန်း ကို Manulife Myanmar က ဒီနှစ်ရဲ့ ဖေဖေါ်ဝါရီလကစတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ကမ်ပိန်းကာလပြီးဆုံးသွား ခဲ့ပြီး ဒီကမ်ပိန်းကနေ ပျိုးပင်းပေါင်း ၁၀၀၀ စိုက်ပျိုးပေးဖို့ဖြစ်လာခဲ့ပါတယ်။ ရေရှည်တည်တံ့တဲ့ သဘာဝပတ်ဝန်းကျင်ဖြစ်ဖို့ နဲ့ အနာဂတ်မျိုးဆက်တွေအတွက် ကမ္ဘာမြေကို ကာကွယ်ပေးဖို့ စတဲ့အရေးပါတဲ့အခန်းကဏ္ဍတွေအပေါ် မြှင့်တင်ပေးနိုင်ဖို့ လူသား တစ်ဦးချင်းစီကို တိုက်တွန်းအားပေးဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီကမ်ပိန်းကို စတင်ခဲ့တာပါ။

Manulife Myanmar က စီစဥ်တဲ့ သစ်ပင်စိုက်ပွဲကို Manulife ရဲ့ ဝန်ထမ်းတွေအပြင်၊ Insurance Advisor တွေ၊ Customers တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပါ လိုက်ပါပြီး ဝါးပင်၊ မျောက်ငိုပင်နဲ့ သင်္ဘောပင် အစရှိတဲ့ ပျိုးပင်ပေါင်း (၁၀၀၀) ကို အတူတကွ စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ သစ်ပင်စိုက်တာအပြင် ပန်းပျိုးလက်ပရဟိတကျောင်းက မိဘမဲ့ကလေးငယ်တွေ အတွက် လိုအပ်တာတွေလှူဒါန်းခဲ့ကြသလို ဂိမ်းအစီအစဥ်တွေကိုလည်း ပျော်ပျော်ပါးပါးကစားခဲ့ကြပါတယ်။

ဒါ့အပြင် ကမ်ပိန်းကာလထဲမှာ ပေါ်လစီအများဆုံးရောင်းချနိုင်ခဲ့တဲ့ Insurance Advisor ၁၀ ဦးကို Manulife Myanmar Green Ambassador ဆုပေးအပ်ခဲ့ရာ The Glorious က မဆုမွန်အောင်၊ ဒေါက်တာစိုးရန်အောင် နဲ့ မညိုညိုစိမ့် တို့ကလည်ကောင်း၊ Horizon မှ မမြင့်သီတာဦး၊ မဖြူသက်စိုး၊ မလှနုထွေး နဲ့ မအေမီသိင်္ဂီဝင်းတို့ကလည်ကောင်း၊ Game Changer မှ ကိုဇင်မင်းခိုင်၊ ကိုမင်းသူနဲ့ ကိုကျော်စွာတို့က အသီးသီးရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ 

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

  • ပါရမီရှင်များကိုချီးကျူးဂုဏ်ပြုခြင်းနှင့် မတူကွဲပြားမှုများအပေါ် အားပေးလက်ခံခြင်း

    ပြောင်းလဲတိုးတက်လာသည့် Manulife ၏ အောင်မြင်မှုအတွက် အခြေခံကျသည့်အချက်မှာ ခေတ်အလိုက်ပြောင်းလဲလာသည့်ယဥ်ကျေးမှုဓလေ့များကို အားပေးမြှင့်တင်ခြင်းဖြစ်ပြီး ယင်းတို့တွင် ဝန်ထမ်းများအကြား စေ့စပ်ညှိနှိုင်းခြင်း၊ အရည်အချင်းနှင့်အလားအလာရှိသူများကို ကမ်းလှမ်း၍ ကျွန်ုပ်တို့နှင့်အတူ အတူတကွလုပ်ဆောင်စေခြင်းတို့ ပါဝင်သည်။

    ဆက်လက်ဖတ်ရှုရန်
  • ကျန်းမာကောင်းမွန်လာသည့် ငွေကြေးဆိုင်ရာလူနေမှုဘဝများ

    ကျွန်ုပ်တို့၏ လုပ်ငန်းများလည်ပတ်လျက်ရှိသော နိုင်ငံတိုင်းတွင် ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက် အဝန်းများ အားလုံးအတွက် ကျန်းမာသော လူနေမှုပုံစံများကို ရွေးချယ်နိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ပညာပေးခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

    ဆက်လက်ဖတ်ရှုရန်
  • လူမှုအသိုက်အ၀န်းအတွက် ပြန်လည်စောင့်ရှောက်ခြင်း

    Manulife အနေဖြင့် အာရှဒေသတွင်းရှိ ဒေသခံအသိုက်အဝန်းများနှင့်အတူ လက်တွဲကာ ဒေသတွင်း ပြည်သူများ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုဘဝများတိုးတက်မြင့်မားစေရေးအတွက် အတူတကွပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။ 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက