အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ပိုကောင်းတဲ့ဘဝ ပိုကျန်းမာမှ

Killing Bad Habits and Buidling Good Ones

လူတွေက ဘဝမှာ အေးအတူ ပူအမျှ အတူတူ ဖြတ်သန်းသွားမယ့် မိတ်ဆွေမျိုးကို ရှာဖွေနေတတ်ပါတယ်။ လူအချင်းချင်းရဲ့ ဆက်ဆံရေးတွေက ပြတ်တောက်သွားနိုင်ပေမဲ့ မပြတ်တောက်သွားဘဲ အမြဲ အဖော်ပြုပေးသွားမယ့် အရာလည်း ရှိနေပါသေးတယ်။ ဒါကတော့ နေ့တိုင်း နေ့တိုင်း၊ သက်ဆုံးတိုင်သည်ထိ အမြဲ အဖော်ပြုပေးနေမယ့်၊​ ကိုယ်နဲ့အတူ အမြဲ ရှိနေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်လေးပါပဲ။ ဒါဆို မေးစရာ မေးခွန်းလေးတော့ ရှိလာပါပြီ။ ဒီ သစ္စာရှိတဲ့ ခန္ဓာကိုယ်လေးက ကိုယ်နဲ့ နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာ နေနိုင်သွားဖို့ ဘာတွေ လိုအပ်မှာလဲ။ ရှိပြီးသား စကားပုံ တစ်ခုလိုပါပဲ။ “ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းမှာပေါ့”။

ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းပါ၊ ကျန်းမာတောက်ပ အားအင်ပြည့်ဝတဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုပါ။ ကိုယ့် ကျန်းမာရေးကို ပုံဖော်ပေးနေတဲ့ နေ့စဉ်အလေ့အထတွေက ရိုးရှင်းပေမဲ့ ပိုကောင်းတဲ့ အနာဂတ်တွေကိုလည်း ပုံဖော်ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် တစ်ရက်ကို ရေ (၂)လီတာသောက်ခြင်းက ခန္ဓာကိုယ် ဆဲလ်တွေကို ရေဓာတ်ဖြည့်ပေးပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားကင်းစင်စေနိုင်သလို နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာမျိုးကလည်း စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် အားအင်ဖြည့်ပေးနိုင်ပါတယ်။ တစ်ရက်ကို ခြေလှမ်းပေါင်း တစ်ထောင်ကနေ (၆)သောင်းလောက်ထိ လျှောက်ပေးတာဟာလည်း သက်ဝင်တက်ကြွတဲ့ ပတ်ဝန်းကျင်နဲ့ လေကောင်းလေသန့်တွေ ရနိုင်တာပဲ မဟုတ်ဘူးလား။

ဒါတွေအပြင် ခန္ဓာကိုယ်ရဲ့ သန်စွမ်းကျန်းမာမှုကို အားဖြည့်ပေးခြင်းက အသက်ရှည်ရှည် နေနိုင်ဖို့လည်း အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေသေးတယ်လေ။ ပြည့်စုံမျှတတဲ့ အာဟာရကိုပဲ ပုံမှန် စားသုံးတာ၊ သကြားနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေကို ရှောင်တာတွေကလည်း ခန္ဓာကိုယ်ကို အားဖြည့်ပေးတာအပြင် အာဟာရ မပြည့်စုံလို့ မကျန်းမမာ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အကျင့်တွေကို လေ့ကျင့်ယူပေးတာက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သလို ရေရှည်မှာ ကျန်းမာကြံ့ခိုင်စွာ ရပ်တည်နိုင်စေမယ့် လျှို့ဝှက်ချက်ပါပဲ။ ပိုခိုင်မာတည်တံ့တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ အားထုတ်ရသလို ကိုယ်နဲ့ ထာဝရ အတူရှိနေမယ့် ကိုယ့်ရဲ့ ခန္ဓာကျန်းမာရေးကို ဂရုစိုက်ပေးဖို့လည်း အရေးကြီးပါတယ်နော်။ ဒီလိုမျိုး ရိုးရှင်းတဲ့ နေ့စဉ် အလေ့အထလေးတွေကို အလေ့အကျင့် လုပ်ပေးရင်း ကျန်းမာတဲ့ နေထိုင်မှုဘဝကို အစပျိုးပြီး ပိုကျန်းမာပျော်ရွှင်လို့ သက်ဝင်တက်ကြွတဲ့ အနာဂတ်တွေအတွက် ကတိပေးလိုက်ကြရအောင်လား။

If you liked this article, you may find these interesting

Protection

A life insurance plan designed to financially protect you and your family.

 

Protection

Two low-premium insurance plans designed to provide you loan protection and peace of mind.

Want to know more about Life Insurance?

 

 

 

 

 

 

 

အားလုံးကြည့်ရှုရန်