သင်နှင့်သင်ချစ်ရသူများကို ကိုဗစ်ကူးစက်ခံရခြင်းမှ ဘယ်လိုကာကွယ်ရမလဲ၊ ကိုဗစ်ကူးစက်မှု မခံရအောင် ဘယ်လိုနည်းလမ်းမျိုးတွေလုပ်သင့်သလဲ?


ကိုဗစ်ရောဂါပိုးက အောက်ပါနည်းလမ်းမျိုးတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။
- ရောဂါပိုးကူးစက်ခံထားရသူနှင့်အနီးကပ်ရှိနေရာမှတဆင့်
- နှာစေး၊ နှာချေခြင်းမှတစ်ဆင့် ရောဂါပိုးများပါဝင်သည့် အမှုန်အစက်များက မျက်လုံး၊ နှာခေါင်း၊ သို့မဟုတ် ပါးစပ်နားတဝိုက်တွင် တွယ်ကပ်ခြင်းမှတဆင့်
- မျက်လုံး၊နှာခေါင်း နှင့် ပါးစပ်တို့ကို ရောဂါပိုးတွယ်ကပ်နေသာ လက်ဖြင့်ထိမိရာမှတဆင့်
ကိုဗစ်ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်နည်းလမ်းများ
၁. ကာကွယ်ဆေးထိုးခြင်း
- တရားဝင်အသိအမှတ်ပြုထားသော COVID-19 ကာကွယ်ဆေးမျာကို ထိုးနှံထားခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်း မှကာကွယ်နိုင်ပါတယ်။
၂. Mask တပ်ခြင်း
- အသက် (၂) နှစ်နဲ့အထက်ရှိပြီးသူများနဲ့ ကာကွယ်ဆေးအပြည့်အဝ မထိုးရသေးသူများအနေနှင့် အပြင်ထွက်တဲ့အခါတိုင်း နှာခေါင်းစည်း Mask ကို သေချာစွာ တပ်ထားရပါမယ်။
၃. လူစုလူဝေးကိုရှောင်ရှားခြင်းဖြင့် ခပ်ခွာခွာနေထိုင်ရန်
- အဖျားရှိနေသည့် လူနာနှင့် နီးကပ်စွာနေထိုင်ခြင်းမှ ရှောင်ကျဥ်ပါ။
- အခြားသူများနှင့် (၆) ပေ အကွာမှသာ နေရန်။
၄. လူထူထပ်သောနေရာများနှင့် လေဝင်လေထွက်မကောင်းသော နေရာများကို ရှောင်ကျဥ်ရန်
- လူထူထပ်သော စားသောက်ဆိုင်များ၊ အားကစားခန်းမများ၊ သို့မဟုတ် အလုံပိတ်နေရာများကို သွားခြင်းမှ ရှောင်ကြည်ရန်။
- လေကောင်းလေသန့်မရရှိနိုင်သော အလုံပိတ်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကျဥ်ရန်။
- အလုံပိတ်အခန်းကဲ့သို့ နေရာများသို့ မဖြစ်မနေသွားရောက်ရပါက လေကောင်းလေသန့်ရစေရန် တံခါးနှင့် ပြတင်းပေါက်များကို တတ်တိုင်သမျှဖွင့်ထားရန်
၅. လက်ကိုမကြာခဏဆေးကြောရန်
၆. နှာချေချောင်းဆိုးပါက ပါးစပ်နှင့်နှာခေါင်းကို သေချာစွာ အုပ်၍ဆိုးရန်
၇. သန့်ရှင်းရေးနှင့်ပိုးသတ်ခြင်း
- စားပွဲခုံများ၊ တံခါးလက်ကိုင်များ၊ မီးခလုတ်များ၊ ဖုန်းများ၊ ကီးဘုတ်များ၊ အိမ်သာများ၊ ဘုံပိုင်ခေါင်းများ နှင့် ဘေစင်များ စသည်တို့၏ မျက်နှာပြင်များကို ဆပ်ပြာ သို့ ရေမလိုပိုးသတ်ဆေးများဖြင့် မကြာခဏပိုးသတ်ရန်။
၈. မိမိကျန်းမာရေးကိုနေ့စဥ်ဂရုစိုက်စောင့်ကြည့်ခြင်း
- သတိပြုစောင့်ကြည့်ရမည့် ရောဂါလက္ခဏာများမှာ -
- ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် အခြားသော COVID-19 ရောဂါလက္ခဏာများ
- အထက်ပါရောဂါလက္ခဏာတခုခုကို ခံစားနေရပြီဆိုပါက မဖြစ်မနေ ကိုယ်ပူချိန်တိုင်းရန်
-
အမြဲတမ်း “ရယ်” ဖို့သတိရပါ
ဆက်လက်ဖတ်ရှုရန် -
သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ
ဆက်လက်ဖတ်ရှုရန် -
ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်
ဆက်လက်ဖတ်ရှုရန်