အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

အာမခံလျော်ကြေးငွေတောင်းဆိုမှုကို အချိန်မကြန့်ကြာစေချင်ရင် ဘာတွေလုပ်သင့်သလဲ 

အသက်အာမခံဝယ်ယူမှုမပြုလုပ်ခင်ကတည်းက အမေးများဆုံးမေးခွန်းတစ်ခုကို ပြောပြပါဆိုရင် “အာမခံလျော်ကြေးငွေ တောင်းခံရင် အဆင့်တွေများပြီး ကြာမှာလားလို့” မေးလေ့မေးထရှိကြပါတယ်။

Claim Process လို့ခေါ်တဲ့ အသက်အာမခံလျော်ကြေးငွေတောင်းဆိုမှုလုပ်ငန်းစဥ်တစ်ခုကို အတည်ပြုပေးဖို့ လုပ်ငန်း သဘောသဘာဝအရ အလုပ်လုပ်ရက် (၇) ရက်ကနေ (၁၀) ရက်အတွင်း အချိန် လိုအပ်ပါတယ်။ အတည်ပြုပြီးသွားပြီဆိုရင်တော့ အာမခံ လျော်ကြေးငွေကို (၃) ရက်အတွင်း ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် သတ်မှတ်ထားတဲ့ အချိန်ထက် ပိုပြီး မကြာမြင့်ဖို့ဆို အောက်မှာဖော်ပြထားအတိုင်း လိုက်ပါလုပ်ဆောင်ပေးသွားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် အပေါ်ကလို အချိန်ကြာမှာလားဆိုတဲ့ မေးခွန်းအတွက် စိုးရိမ်ပူပန်နေဖို့မလိုတော့ပါဘူး။

  • အသက်အာမခံအတွက် လျော်ကြေးငွေတောင်းဆိုဖို့ ဖြစ်လာပြီဆို အကောင်းဆုံးက မိမိရဲ့ အာမခံအကြံပေးကို အရင်ဆုံးဖုန်းဆက်အကြောင်းကြားပေးဖို့လိုပါတယ်။ အကယ်၍ အာမခံအကြံပေးကို ဆက်သွယ် မရခဲ့ရင်တော့ အသက်အာမခံကုမ္ပဏီရဲ့ Hotline (သို့) Customer Service ကို တိုက်ရိုက်ဆက်သွယ်ဖို့လိုအပ်ပါတယ်။
  • အဆက်အသွယ်ရပြီဆိုတာနဲ့ အာမခံအကြံပေးကဖြစ်စေ၊ အသက်အာမခံကုမ္ပဏီရဲ့ Customer Service ကဖြစ်စေ Claim Form လို့ခေါ်တဲ့ အာမခံလျော်ကြေးငွေတောင်းဆိုခြင်းလျှောက်လွှာတွေကို ပြည့်ပြည့်စုံစုံဖြည့်သွင်းနိုင်ရန် ကူညီပြီး လိုအပ်တဲ့ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေကို သေသေချာချာလမ်းညွှန်ပြောပြပေးမှာပါ။ စာရွက်စာတမ်းမပြည့်စုံလို့ အချိန်ထပ်မံ ကြန့်ကြာ တာမျိုးမဖြစ်စေဖို့ ဒီအဆင့်ကို ဂရုစိုက်ဖို့လိုပါလိမ့်မယ်။Manulife Myanmar အနေနဲ့ကတော့ အမျိုးမျိုးသော အာမခံလျော်ကြေးတောင်းဆိုခြင်းလျှောက်လွှာတွေကို ဝက်ဘ်ဆိုက်စာမျက်နှာမှာ တင်ပေးထားတာဖြစ်လို့ အာမခံလျော်ကြေးတောင်းဆိုရန် လျှောက်လွှာများ | Services | Manulife Myanmar ဒီလင့်ခ်ကနေလည်း ရယူပြီးဖြည့်သွင်းနိုင်ပါတယ်။
  • လျှောက်လွှာကို သေချာဖြည့်သွင်းပြီးရင်တော့ ကိုယ့်ရဲ့အာမခံအကြံပေးကနေဖြစ်စေ၊ Manulife Myanmar ရုံးချုပ်ကိုဖြစ်စေ ပြည့်စုံတဲ့လျှောက်လွှာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အီးမေးလ်ပေးပို့လိုက်ပြီဆိုတာနဲ့ မိတ်ဆွေတို့ရဲ့ အာမခံလျော်ကြေးငွေတောင်းဆိုခြင်းလုပ်ငန်းစဥ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဒါဆို အာမခံလျော်ကြေးငွေရဖို့ ဘာတွေက ကြန့်ကြာစေတာလဲ? 

အသက်အာမခံဝယ်ယူသူတွေအနေနဲ့ အာမခံတစ်ခုစတင်ဝယ်ယူစဥ်မှာကတည်းက ကိုယ်ဝယ်ယူလိုက်တဲ့ အသက်အာမခံ အမျိုးအစားက ဘယ်လိုအခြေအနေမျိုးတွေကို အကာအကွယ်ပေးမှာလဲ၊ ဘာတွေအကျုံးဝင်သလဲဆိုတာကို သေချာစစ် ဆေးဖို့လိုအပ်ပါတယ်။

ဒါ့အပြင် ကိုယ်က အသက်အာမခံဝယ်ယူဖို့ စတင်လျှောက်ထားစဥ်မှာ လိုအပ်လို့တောင်းခံတဲ့အချက်အလက်တွေကို မှန်ကန်စွာဖြည့်သွင်းပေးဖို့လိုအပ်ပြီး အချက်အလက်တွေကို ထိန်ချန်ထားခဲ့တာမျိုးတွေကလည်း နောင်တစ်ချိန် အာမခံ လျော်ကြေးငွေတောင်းဆိုတဲ့အခါမှာ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ၊ ရှုပ်ထွေးမှုတွေကိုဖြစ်လာစေတာပါ။

ဒီတော့ အနှစ်ချုပ်တဲ့အခါ အာမခံလျော်ကြေးငွေတောင်းဆိုမှုဟာ အချိန်ကြန့်ကြာတဲ့လုပ်ငန်းစဥ်မျိုးမဟုတ်ဘဲ ကိုယ့်ဘက်က တစ်ချို့သော လိုအပ်ချက်တွေကို တိတိကျကျလိုက်ပါဆောင်ရွက်ပေးနိုင်မယ်ဆို ကိုယ့်လျှောက်လွှာကို တင်လိုက်ပြီဆို တာနဲ့ (၇) ရက်မှ (၁၀) ရက်အတွင်း အချက်အလက်၊ အထောက်အထားစုဆောင်းပြီး ကိုယ့်ရဲ့ လျှောက်ထားမှုကို အတည်ပြုပြီးတာနဲ့ လျော်ကြေးငွေကို (၃) ရက်အတွင်း ပေးသွားမှာပါ။

ဒါကြောင့် လျော်ကြေးငွေတောင်းဆိုရာမှာ အချိန်မကြန့်ကြာဖို့ဆို အသက်အာမခံစတင်ဝယ်ယူစဥ်ကတည်းက အချက် အလက်တွေကို မှန်ကန်စွာဖြည့်သွင်းပေးဖို့နဲ့ လျော်ကြေးငွေတောင်းဆိုခြင်းလျှောက်လွှာမှာပါတဲ့ ဆောင်ရွက်ရန်စာရင်း တွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ ပြည့်ပြည့်စုံစုံဖြည့်သွင်းပေးလိုက်ရုံပါပဲ။

“အာမခံလျော်ကြေးငွေတောင်းဆိုမှုက သင်စိုးရိမ်ရလောက်တဲ့အထိ အချိန်မကြာမြင့်ပါဘူး”

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Education

Manulife ပညာရေးအသက်အာမခံ အကျိုးခံစားခွင့် နှစ်ဆနဲ့အတူ ကလေးတွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးလိုက်ပါ။

 

 

 

  • ကျန်းမာကောင်းမွန်လာသည့် ငွေကြေးဆိုင်ရာလူနေမှုဘဝများ

    ကျွန်ုပ်တို့၏ လုပ်ငန်းများလည်ပတ်လျက်ရှိသော နိုင်ငံတိုင်းတွင် ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက် အဝန်းများ အားလုံးအတွက် ကျန်းမာသော လူနေမှုပုံစံများကို ရွေးချယ်နိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ပညာပေးခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

    ဆက်လက်ဖတ်ရှုရန်
  • ငွေစုတာထက် အာမခံဝယ်ထားတာက တကယ်ပဲပိုများတဲ့အခွင့်အရေးရတယ်ဆိုတာ ဟုတ်ရဲ့လား?

    ဘဏ်မှာငွေစုခြင်းကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်စုဆောင်း ငွေက ပမာဏတစ်ခုကို ရောက်လာနိုင်သော်ငြား စုဆောင်းနိုင်ခြင်းမရှိနိုင်တော့မဲ့ အချိန်တွေအတွက်ကိုတော့ အသက်အာမခံက သာ သင့်ကိုရော၊ သင်ချစ်ရသူတွေကိုပါ အကာအကွယ်ပေးသွားမှာပါ။ 

    ဆက်လက်ဖတ်ရှုရန်
  • သို့ ချစ်ရတဲ့ သူငယ်ချင်း

    သို့  ချစ်ရတဲ့ သူငယ်ချင်း 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက