အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ပါရမီရှင်များကိုချီးကျူးဂုဏ်ပြုခြင်းနှင့် မတူကွဲပြားမှုများအပေါ် အားပေးလက်ခံခြင်း

ကျွန်ုပ်တို့လုပ်ကိုင်သည့်အကြောင်းအရာမှန်သမျှမှာ ဆုံးဖြတ်ချက်များ ပိုမိုလွယ်ကူစေရန်အတွက် အဓိကဦးတည်ပုံဖော်ခြင်းကြောင့် လူအများအနေဖြင့် ပို၍ကောင်းမွန်သည့်ဘဝများ ရရှိလာစေနိုင် မည်ဖြစ်သည်။ အထက်ပါအချင်းအရာအား လက်တွေ့အကောင်အထည်ပေါ်ပေါက်လာစေရန် မတူကွဲပြားပြီး အရည်အချင်းရှိသည့် အဖွဲ့သားများကို ပိုင်ဆိုင်ထားရခြင်းကလည်း ကျွန်ုပ်တို့အတွက် ကံကောင်းခြင်းတစ်ရပ်ဖြစ်သည်။ ထိုသို့သောအရည်အသွေးများနှင့်အောင်မြင်မှုများအား အရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းထားရန်မှာလည်း အရေးကြီးသောအချက်တစ်ခုဖြစ်ပြီး ယင်းသို့ ထိန်းသိမ်းထားနိုင်ခြင်းဖြင့် ဖောက်သည်များအပေါ် ပေးအပ်ထားသည့် ကျွန်ုပ်တို့၏ ကတိကဝတ် များကို ဆက်လက်လုပ်ဆောင်နိုင်မည်လည်း ဖြစ်သည်။

 

ပြောင်းလဲတိုးတက်လာသည့် Manulife ၏ အောင်မြင်မှုအတွက် အခြေခံကျသည့်အချက်မှာ ခေတ်အလိုက်ပြောင်းလဲလာသည့်ယဥ်ကျေးမှုဓလေ့များကို အားပေးမြှင့်တင်ခြင်းဖြစ်ပြီး ယင်းတို့တွင် ဝန်ထမ်းများအကြား စေ့စပ်ညှိနှိုင်းခြင်း၊ အရည်အချင်းနှင့်အလားအလာရှိသူများကို ကမ်းလှမ်း၍ ကျွန်ုပ်တို့နှင့်အတူ အတူတကွလုပ်ဆောင်စေခြင်းတို့ ပါဝင်သည်။

 

အောက်ပါနည်းလမ်းများမှာ ကျွန်ုပ်တို့အနေဖြင့် အရွေ့တစ်ခုသို့ရောက်ရှိရန် ကူညီလုပ်ဆောင်နေမှု များဖြစ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းခွင်မှတစ်ဆင့် သက်ဆိုင်ရာလူမှုရပ်ဝန်းအတွင်းရှိ လူအများ၏ အလုပ်အကိုင်အခွင့်အလမ်းတံခါးကို ဖွင့်လှစ်ပေးနေခြင်းလည်းဖြစ်သည်။

  • ကျွန်ုပ်တို့၏ Global Diversity And Inclusion (D&I) ရည်ရွယ်ချက်မှာ မတူကွဲပြားမှုများအား တစ်နေရာတည်းတွင်စုစည်းကာ လူတိုင်းအကျုံးဝင်သည့် လုပ်ငန်းခွင်တစ်ခုအဖြစ် မျိုးစေ့ချ ပျိုးထောင်ရန်ဖြစ်ပြီး ယင်းလုပ်ငန်းခွင်အတွင်း ဝန်ထမ်းအားလုံးက ၎င်းတို့၏ စစ်မှန် သည့် ကိုယ်ရည်ကိုယ်သွေးများအလုပ်လုပ်ကိုင်နိုင်ခြင်း၊ စွမ်းဆောင်ရည်များမြှင့်တင်ပေးခြင်းအပြင် ထူးချွန်သည့်ဝန်ထမ်းများဖြစ်လာနိုင်ခြင်းကြောင့် ၎င်းတို့၏ ဖောက်သည်များ၊ စီးပွားရေးမိတ်ဖက်များနှင့် လူမှုအသိုက်အဝန်းအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်သည်။
  • ကျွန်ုပ်တို့၏ Women In Leadership Programme မှာ အာရှတွင်း အရည်အသွေးရှိသည့် ဝန်ထမ်းများအတွက် ရည်ရွယ်ကာ ဟောင်ကောင်တွင်ကျင်းပလေ့ရှိသော အစီအစဥ်တစ်ခုဖြစ်ပြီး ခေါင်းဆောင်မှုအပိုင်းတွင်ရောက်ရှိကာ ရလဒ်ကောင်းများထွက်ပေါ်ရန် ကြိုးစားနေသူများ၊ ကျွမ်းကျင်မှုအရည်အချင်းများ ပိုမိုထက်မြက်လာစေရန် စိတ်အားထက်သန်ပြီး ဆောင်ရွက်တတ်သူ အမျိုးသမီးများအတွက် အဓိကထား ကျင်းပခြင်းလည်း ဖြစ်သည်။ အဆိုပါအစီအစဥ်မှာ အမျိုးသမီးများ၏ အခွင့်အလမ်းရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အပြင် နည်းသစ်လမ်းသစ်များ ရှာဖွေစူးစမ်းနိုင်ရန်၊ သိုမှီးတတ်သည့်အလေ့အထများ တည်ဆောက်တတ်စေရန်၊ အချင်းချင်းရင်းနှီးပွင့်လင်းစွာဆက်ဆံတတ်လာစေရန်နှင့် ဦးဆောင်မှုကောင်းများ ရရှိစေရန်၊ အတူတကွပူးပေါင်းလုပ်ဆောင်တတ်စေရန်အပါအဝင် အများနှင့်သာမက ကိုယ့်ကိုကိုယ်စိန်ခေါ်ခြင်းဖြင့် အခြေအနေများအား ကျော်လွှားလုပ် ဆောင်တတ်စေရန် စသည်တို့ကိုလည်း ရရှိစေမည်ဖြစ်သည်။
  • Global Women’s Alliance (Philippines Charter)
    Global Women’s Alliance (GWA)ကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် စိတ်ခွန်အားမြင့်တက်စေရန်လှုံဆောင်ခြင်းဖြင့် အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်ရည်ရွယ်သည်။ GWA အနေဖြင့် ကွန်ရက်တစ်ခုကို တည်ထောင်လိုက်ပြီး အမျိုးသမီးများက အချင်းချင်းလမ်းညွှန်သင်ကြားခြင်း၊ အတွေ့အကြုံနှင့် အောင်မြင်ရေးအတွက်သော့ချက်များ မျှဝေခြင်းနှင့် အသက်မွေးဝမ်းကျောင်းအတွက် အရေးပါမှုများကို အချင်းချင်း ကူညီဖြည့်စွက်ပေးခြင်း စသည်တို့ကို ပြုလုပ်စေခဲ့သည်။ GWA အနေဖြင့် လူမှုအသိုက်အဝန်းအတွက် ပြန်လည်ကြည့်ရှုစောင့်ရှောက်မှုများကိုလည်း ပြုလုပ်ခဲ့ရာ ဥပမာပြရမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံရှိ ACAY မစ်ရှင်နှင့် အတူတကွပူးပေါင်းကာ အလုပ်ရှာဖွေနေသည့် အမျိုးသမီးငယ်များအတွက် အလုပ်အကိုင်ရှာဖွေခြင်းလုပ်ငန်းစဥ်တွင် တစ်ဖက်တစ်လမ်းက အရေးပါသည့် အဝတ် အထည်များကို လှူဒါန်းပေးခဲ့သည်။ မိမိတို့အနေဖြင့် လုပ်ငန်းခွင်အတွင်းမှ အမျိုးသမီးများ၏ ဆွဲဆောင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တက်လမ်းများအတွက် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟူသော ယုံကြည်ချက်လည်း ရှိသည်။
  • Global Women’s Alliance (Singapore Charter) မှာ Diversity and Inclusion (D&I) ကို ဦးတည် သည့်လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး Manulife မှ အမျိုးသမီးဝန်ထမ်းများနှင့် ခေါင်းဆောင်မှု အပိုင်းမှဝန်ထမ်းများကို ၎င်းတို့၏ လုပ်ငန်းပိုင်းတွင် အထောက်အကူပေးနိုင်ရန် ရည်ရွယ်သည်။ စေတနာ့ဝန်ထမ်းလုပ်ဆောင်မှုများ၊ ရန်ပုံငွေရရှိစေရေးအဓိကဦးတည်သည့် လှုပ်ရှားမှုများကို ဦးတည်ပြီး နှစ်စဥ်နှစ်တိုင်း စင်ကာပူနိုင်ငံအမျိုးသမီးရေးရာအဖွဲ့အစည်းကောင်စီလက်အောက်ရှိ Star Shelter စခန်းမှ အမျိုးသမီးနှင့် ကလေးငယ်များအတွက် အစားအစာများ ကောက်ခံလှူဒါန်းခြင်းကို ပြုလုပ်လျက်ရှိသည်။ လှူဒါန်းမှုပြုရာတွင် Manulife ဝန်ထမ်းများထံမှ ကောက်ခံရရှိသည့် ကုန်ပစ္စည်းများ၏ တန်ဖိုးနှင့် တူညီသည့် ပမာဏတစ်ခုကို လှူဒါန်းပေးခြင်းလည်းဖြစ်သည်။ အထက်ပါပရဟိတလုပ်ငန်းများ၏ တစိတ်တပိုင်းအဖြစ် အမျိုးသမီးမျာအား ကူညီဆောင်ရွက်ရာတွင် ဝင်ငွေနည်းပါးသည့်မိသားစုများမှ မိခင်များအတွက် အလုပ်လျှောက်လွှာရေးသားနည်းများ၊ အင်တာဗျူးအတွက် လိုအပ်သည့်အရာများ လေ့ကျင့်သင် ကြားပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
  • Mentoring Programmes (Hong Kong Charter) မှာ အလုပ်အကိုင်တိုးတက်မှုအတွက်ယုံကြည်စိတ်ချရသော လမ်းညွှန်မှုများပေးအပ်လျက်ရှိသည့် အစီအစဥ်တစ်ခုဖြစ်သည်။ ထို့အပြင် လမ်းညွှန်မှုပေးသူများသာမက လမ်းညွှန်ချက်တောင်းခံသူများ နှစ်ဦးနှစ်ဘက်စလုံး အတွက် အကျိုးရှိစေသည့် အစီအစဥ်တစ်ခုဖြစ်ပြီး လူမှုဓလေ့များနှင့် ကုန်ထုတ်လုပ်မှုစွမ်းအားများအတွက်ကိုလည်း အကောင်းဘက်ဦးတည်သည့် အကျိုးကျေးဇူးများဖြစ်ထွန်း စေသည်။
  • GWA Hong Kong charter အောက်တွင် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း စိတ်ခွန်အားရရှိစေရန်နှင့် လမ်းညွှန်ချက်များကို အမျိုးမျိုးသော သင်ကြားပို့ချမှုပုံစံ အစီအစဥ် များဖြင့် ပို့ချပေးလျက်ရှိသည်။
    • အဖွဲ့လိုက်ပို့ချသင်ကြားခြင်း - တက်တက်ကြွကြွဖြင့် အတွေ့အကြုံများအား မျှဝေစေပြီး လုပ်ငန်းခွင်အလွှာအမျိုးမျိုးအတွက် ဘုံလိုအပ်မည့် အသိအမြင်များအား ပို့ချခြင်း။
    • တစ်ဦးချင်းသင်ကြားပို့ချခြင်း - တစ်ဦးချင်းအတွက် လိုအပ်သည်များ သင်ကြားပို့ချသည့်အစီအစဥ်။
    • ပြောင်းပြန်နည်းဖြင့် သင်ကြားပို့ချခြင်း - ငယ်ရွယ်သည့်ဝန်ထမ်းများမှ ၎င်းတို့၏ မတူညီသည့် ရှုထောင့်၊ အမြင်များနှင့် မျှော်လင့်ချက်များအား ပြန်ပြောင်းပြောကြား စေခြင်းဖြင့် အတွေ့အကြုံအနေအထားတစ်ခုသို့ရောက်ရှိနေပြီဖြစ်သည့် ဝန်ထမ်းများနှင့် လူငယ်များအကြား နှစ်ဦးနှစ်ဖက်စလုံး တူညီသည့်စိတ်ဝင်စားမှုများ ထွက်ပေါ်လာစေခြင်း။

 

ကျောင်းပြီးစ အရည်အချင်းရှိလူငယ်များမှအစ အတွေ့အကြုံရှိဝါရင့်ခေါင်းဆောင်ပိုင်းများအထိ အတူတကွပူပေါင်းလုပ်ဆောင်ခြင်းဖြင့် ကြီးမားသော အကျိုးဖြစ်ထွန်းမှုကိုဖြစ်ပေါ်စေနိုင်ကြောင်း မိမိတို့အနေနှင့် သိရှိထားပါသည်။ ကျွန်ုပ်တို့နှင့်အတူ ကမ္ဘာ့အနှံ့အပြားမှ သန်းပေါင်းများစွာသော လူများ၏ ဘဝများကို အပြောင်းအလဲတစ်ခုဖြစ်လာစေရန် ကူညီလုပ်ဆောင်မှုတွင် ပါဝင်ဖို့ သင်ရော စိတ်ဝင်စားပါသလား?

လက်တွဲပါ

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက 

  • လူမှုအသိုက်အ၀န်းအတွက် ပြန်လည်စောင့်ရှောက်ခြင်း

    Manulife အနေဖြင့် အာရှဒေသတွင်းရှိ ဒေသခံအသိုက်အဝန်းများနှင့်အတူ လက်တွဲကာ ဒေသတွင်း ပြည်သူများ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုဘဝများတိုးတက်မြင့်မားစေရေးအတွက် အတူတကွပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။ 

    ဆက်လက်ဖတ်ရှုရန်
  • ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်

    ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။ 

     

    ဆက်လက်ဖတ်ရှုရန်
  • ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်

    သင့်အတွက် ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။ 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်