အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

အာမခံယူဖို့ ငယ်လွန်းနေသေးလား။​

Am I Too Young To Get Insurance?

အသက်အာမခံလို့ ကြားလိုက်ရင် အားလုံးက အသက်ကြီးလာမှ ရှိထားသင့်တဲ့အရာ၊ အနာဂတ်အတွက်လို့ တွေးကြတာများပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ရှိထားသင့်လေ ပိုကောင်းလေဆိုတဲ့ အမျိုးအစားထဲမှာ အသက်အာမခံလည်း ပါနေပါတယ်။ ဒီလိုဆို ငယ်ရွယ်ခြင်းနဲ့ ကျန်းမာရေးက အသက်အာမခံထားရှိဖို့ ဘာကြောင့် အရေးပါရတာလဲ။

ငယ်ရွယ်ခြင်းရဲ့ အကျိုးကျေးဇူး

အသက်အာမခံ​ထားရှိဖို့ အကောင်းဆုံး အရွယ်ကတော့ ငယ်ရွယ်၊ တက်ကြွပြီး အသက်အာမခံကို ချက်ချင်း မလိုအပ်တဲ့ အနေအထားမျိုးပါပဲ။ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ ငယ်လေလေ အသက်အာမခံအတွက် ထားရှိရမယ့် ပရီမီယံကြေးပမာဏ လျော့နည်းလေပါပဲ။ အခြေခံအားဖြင့်တော့ ငယ်သေးတယ်ဆိုရင် ကျန်းမာရေးပြဿနာတွေ သိပ်မရှိနိုင်သေးဘူး မဟုတ်လား။ အသက်ကြီးလာလေ၊ ကျန်းမာရေး ပြဿနာ ရှိနိုင်ခြေ ပိုများလာလေပါပဲ။ အာမခံ​ထားသူတွေ ငယ်ရွယ်နေလေလေ တစ်စုံတစ်ခု ဖြစ်နိုင်ခြေ နည်းလေလေဖြစ်ပြီး ဒါဟာ ပရီမီယံကြေးသက်သာမှုနဲ့ တိုက်ရိုက်ကို အချိုးကျနေတာပါ။

ပိုခိုင်မာတဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း

ငယ်ရွယ်တုန်း အာမခံ ထားရှိတယ်ဆိုတာက တစ်နည်းအားဖြင့်တော့ ဉာဏ်ကောင်းခြင်း တစ်မျိုးပါပဲ။ ကိုယ့်တစ်ယောက်တည်း အတွက်သာ မဟုတ်ဘဲ ကိုယ့်မိသားစုအတွက်ပါ ပါဝင်ပါတယ်။ စောစော အာမခံထားလိုက်မယ်ဆိုရင် ကိုယ့်အနာဂတ်ကို ကိုယ်ကာကွယ်ထားနိုင်ရုံသာမက ကိုယ်ချစ်ရတဲ့သူတွေအတွက်ပါ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားခြင်းပါ။ အသက်အာမခံဟာ ပေါ်လစီကိုင်ဆောင်ထားသူတွေအတွက် ငွေရေးကြေးရေး အထောက်အကူ ဖြစ်ပေးနိုင်တာတင် မဟုတ်ဘဲ ကျန်ရစ်မယ့် မိသားစုအတွက် လုံခြုံစိတ်ချရမှုနဲ့ တည်ငြိမ်မှုတွေကိုပါ ပေးနိုင်တယ်လေ။ ကိုယ်ချစ်ရတဲ့သူတွေကို ဂရုစိုက်ခြင်း၊ တာဝန်ယူပေးခြင်းဆိုတဲ့ ပြယုဂ်ဟာ အသက်အာမခံပါပဲ။

ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း

အာမခံကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဝယ်ယူထားတယ်ဆိုတာက ရှေ့ရေးကို ကြိုတင်တွေးခေါ်တတ်ခြင်း တစ်မျိုးပါ။ ဘာတွေ ဖြစ်လာမယ်မှန်းမသိတဲ့ အနာဂတ်မှာ ဘာတွေဖြစ်ဖြစ် မိသားစုကို ဂရုစိုက် စောင့်ရှောက်ပေးနိုင်ဖို့ ရွေးချယ်စရာ တစ်ခုအနေနဲ့ အာမခံ ရှိနေဖို့ လိုပါတယ်။ ဒါဟာ တာဝန်ယူမှု၊ ချစ်ခြင်းနဲ့ ကတိစကားတွေ ရောင်ပြန်ဟပ်နေတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ငယ်ရွယ်နေသေးတဲ့ အချိန်မှာ အာမခံအတွက် ရင်းနှီးမြှုပ်နှံခြင်းက ကိုယ့်ဘဝအတွက် သက်သက် မဟုတ်ဘဲ ကိုယ်ချစ်ရတဲ့သူတွေရဲ့ ဘဝအတွက်ပါ ရင်းနှီးမြှုပ်နှံရာ ရောက်ပါတယ်။

ပြောရမယ်ဆိုရင်တော့ “အသက်အာမခံထားဖို့ ငယ်လွန်းနေသလား”ဆိုတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် ကျိန်းသေပေါက် ရလာမယ့် အဖြေက “မဟုတ်ဘူး” ဆိုတာပါပဲ။ ပိုစောလေ၊ ပိုကောင်းလေပေါ့။ ဒီခြေလှမ်းကို ခုတည်းက လှမ်းလိုက်မယ်ဆိုရင် ငွေရေးကြေးရေး တစ်ခုတည်းတင်မကဘဲ ကိုယ့်မိသားစုရဲ့ ကောင်းကျိုးနဲ့ သူတို့ရဲ့ အနာဂတ်ဟာ ကိုယ့်ချစ်ခြင်းတွေလိုပဲ ခိုင်မာနိုင်ဖို့ နှလုံးသားနဲ့ ချလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲလို့ ပြောရမှာပါ။ ဒါကြောင့် ပစ္စုပ္ပန်ကို တည့်တည့်ကြည့်ပါ၊ အနာဂတ်အတွက် အစီအစဉ်ဆွဲပါ။ ပိုစိတ်ချရပြီး ကာကွယ်မှုအပြည့်နဲ့ မနက်ဖြန်အတွက် အရေးကြီးတဲ့ ဒီခြေလှမ်းကို ခုပဲ လှမ်းလိုက်ပါ။

If you liked this article, you may find these interesting

Protection

A life insurance plan designed to financially protect you and your family.

 

Protection

Two low-premium insurance plans designed to provide you loan protection and peace of mind.

Want to know more about Life Insurance?

 

 

 

 

 

 

 

အားလုံးကြည့်ရှုရန်