ကျွန်တော်သည် 2014 ခုနှစ် တွင်ဆေးတက္ကသိုလ်(၁)၊ရန်ကုန် မှ M.B.B.S ဘွဲရထားသူတစ်ဦးဖြစ်ပြီး ယခင်ကဆရာဝန်အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ် ။ လက်ရှိမှာတော့ Manulife မှာ Unit Manager အနေနှင့် 2020 ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာ အခုဆိုရင် ၃နှစ်ကျော်ရှိပါပြီ ။ ကျွန်တော်အနေဖြင့် ဆရာဝန်အလုပ်လုပ်ခဲ့စဉ်အတွင်း လူနာများ ရောဂါအမျိုးမျိူးဖြင့် အသက်သေဆုံးသွားတာကို မကြာခဏကြုံတွေ့ခဲ့ရပါတယ်။ စိတ်မကောင်းပိုဖြစ်ရတာက သူတို့ကိုမှီခိုနေတဲ့ မိသားစုဝင်တွေ၊သားသမီးတွေ ငွေရေးကြေးရေးကအစ တော်တော်လေး အခက်အခဲကြုံရတဲ့အခြေအနေတွေပါပဲ။ အဲ့အချိန်ကတည်းက လူတိုင်းအသက်အာမခံထားသင့်တဲ့အတွေးက အမြဲခေါင်းထဲလိုလိုရောက်လာလေ့ရှိပါတယ်။ Manulife မြန်မာနိုင်ငံကိုရောက်လာတဲ့အခါမှာတော့ အသက်အာမခံအကြံပေးတစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး မိသားစုတိုင်း ငွေကြေးပိုင်းဆိုင်ရာအခက်အခဲမဖြစ်စေရန် နှင့် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအခြေနေများကိုပိုင်ဆိုင်နိုင်ရန် ကျွန်တော်လုပ်ဆောင်ပေးလျှက်ရှိပါသည်။