ကျမ ကတော့ နည်းပညာတက္ကသိုလ် (မန္တလေး) မှ Mechanical Engineer ဘွဲ့ရတယောက်ဖြစ်ပါတယ်။၂၀၀၂ခုနှစ် ကနေ ၂၀၁၀ ထိ နည်းပညာတက္ကသိုလ်၊စက်မှုလက်မှု သိပ္ပံ တို့မှာ Tutor အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။
2011 ခုနှစ် ကနေ 2017 ထိ Singapore ရဲ့ Construction Sector မှာ Assistant Project Manager အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ Singaporeနိုင်ငံ ရဲ့ Building Construction Authority Academy မှလဲ Specialist Diploma In Building Information Modelling လဲရရှိခဲ့ပါတယ်။ Singapore မှာ Engineer အဖြစ်လုပ်ကိုင်စဉ်က company မှ ဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံ၊ construction လုပ်သားများအတွက် မတော်တဆထိခိုက်မှု အာမခံ အကာအကွယ်များ ထားရှိပေးခြင်းကြောင့် အာမခံ ကောင်းကျိုးတွေကို စတင်သိရှိခဲ့ပါတယ်။
ကိုယ်တိုင်အပါအဝင် ကိုယ့်ပတ်ဝန်းကျင်နဲ့ မြန်မာနိုင်ငံရှိ မိသားစုတိုင်း အာမခံ အကာအကွယ်ရရှိနိုင်ဖို့ 2020 ခုနှစ်မှ စတင်ပြီး Manulife Myanmar မှာ အသက်အာမခံ အကြံပေးအနေနဲ့ စတင်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Senior Unit Manager တယောက်အနေနဲ့ ကျမ ပတ်ဝန်းကျင်မှ မိသားစုများ၊မိတ်ဆွေသူငယ်ချင်းများ အတွက် ငွေကြေးဆိုင်ရာ၊ ကျန်းမာရေး ဆိုင်ရာ အကာအကွယ်ရရှိရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ကူညီဆောင်ရွက်ပေးနေပါတယ်။