အသက်အာမခံအကြံပေးတစ်ယောက်ဖြစ်မလာခင်မှာ ပြင်သစ်စကားပြောဧည့်လမ်းညွှန်ဖြစ်ခဲ့ပါတယ်။နိုင်ငံတကာကလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေနဲ့ စကားပြောဆွေးနွေးတိုင်းမှာ သူတို့တွေမှာရှိတဲ့ အာမခံနဲ့ပတ်သက်တဲ့ဗဟုသုတတွေ၊ကောင်းကျိုးတွေနဲ့အတူ သူတို့ရဲ့ဘဝရှေ့ရေး၊လူနေမှုဘဝ၊ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်တဲ့လုံခြုံမှု၊စိတ်အေးချမ်းသာပူပင်ကင်းမှုရရှိကြသလို ကျွန်မကိုယ်တိုင်လည်း ရရှိချင်ခဲ့ပါတယ်။ ကျွန်မရရှိသလို ကျွန်မတို့မြန်မာပြည်သူပြည်သားတွေကိုလည်း အာမခံရဲ့အကျိုးကျေးဇူးနဲ့ အကာအကွယ်ကို ရရှိစေချင်ပါတယ်။ ဒါကြောင့် အသက်အာမခံအကြောင်း လေ့လာသင်ယူရင်း Manulife Myanmar မှာ Insurance Advisor အဖြစ်နဲ့ စတင်လုပ်ကိုင်ခဲ့ပြီး အာမခံအကာအကွယ်ရဲ့ သဘောတရားကို နားလည်အောင်ရှင်းပြနိုင်ပြီး မျှဝေပေးနိုင်သထက်ဝေပေးနိုင်တဲ့ အသက်အာမခံအကြံပေးကောင်းတစ်ယောက်အဖြစ် ကြိုးစားလျက်ရှိပါတယ်။