ကျွန်မကတော့ အသက်အာမခံအကြံပေးတစ်ယောက်မဖြစ်ခင်က International School နှစ်ခုတွင် သင်ကြားရေးဆရာမအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ကလေးတွေရဲ့အနာဂတ်ဘဝလှပစေရန် အသိပညာ၊ အတတ်ပညာများအား သင်ကြားပေးခဲ့တယ်။ ကလေးတွေရဲ့ အနာဂတ်ဘဝလှပအောင် ကူညီပေးသလိုပဲ မိသားစုတွေအတွက်အနာဂတ်ဘဝလုံခြုံစိတ်ချမှုရှိစေအောင် ကူညီဆောင်ရွက်ပေးနိုင်တဲ့ အာမခံအကြံပေးအလုပ်ကို ကျွန်မအလွန်စိတ်ဝင်စားခဲ့တဲ့အတွက်ကြောင့်ရော၊ ကျွန်မအတွက် မိသားစုကိုလဲအချိန်ပိုပေးလာနိုင်တဲ့အလုပ်ဖြစ်တာကြောင့်ရော ဒီအလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ အဓိကအရေးပါတဲ့အချက်တစ်ချက်ကတော့ ကျွန်မငယ်စဥ်လေးတည်းက ဖခင်ဆုံးရှုံးခဲ့ရတဲ့အတွက် မိသားစုတစ်ခုမှာငွေကြေးအကာအကွယ်ရှိနေဖို့က အရမ်းကိုအရေးကြီးကြောင်းလက်တွေ့သိရှိခဲ့ရတဲ့အတွက်ပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ဘဝကိုတည်ဆောက်နိင်ရန် ကူညီဆောင်ရွက်ပေးဖို့ ကျွန်မအသင့်ရှိနေပါတယ်။